မူဆယ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့သည် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့်အလျောက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်ကြသူတို့ များပြားပြီး နိုင်ငံဝန်ထမ်းများ နည်းပါးသော်လည်း မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေကို (၂၁) ရက်နေ့မှ စ၍ နောက်လဆန်းပိုင်းအထိ လစဉ်လတိုင်း စဉ်ဆက်မပျက် ထုတ်ပေးလျက်ရှိ ပါသည်။
အဆိုပါပင်စင်လစာငွေများ ထုတ်ပေးရာတွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအနေဖြင့် မိမိကိုယ် တိုင်သော်လည်း၊ အခက်အခဲတစ်ခုခုကြောင့် ကိုယ်တိုင်မထုတ်ယူနိုင်လျှင် ကိုယ်စားလွှဲပြောင်းစာဖြင့် မိသား စုဝင်တစ်ဉီးဉီးက ကိုယ်စားလာရောက်ထုတ်ယူပေးနိုင်ပြီး တစ်လချင်း လာရောက်ထုတ်ယူ နိုင်မှုအခက်အခဲ ရှိသူများအတွက် (၃)လလျှင် တစ်ကြိမ်၊ (၆)လလျှင် တစ်ကြိမ် ပင်စင်လစာငွေကို စုပေါင်းထုတ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်ပေးထားလျက်ရှိပါသည်။ မူဆယ်မြို့၊ မြန်မာ့စီးပွားရေး ဘဏ်မှ ဝန်ထမ်းများကလည်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုအနေဖြင့် အငြိမ်းစားနိုင်ငံဝန်ထမ်း အဘိုးအဘွားများကို တစ်ဉီးနှင့်တစ်ဦးကြား (၆)ပေ အကွာတွင် သက်သောင့်သက်သာနေနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိပြီး အလှည့်ကျ စနစ်တကျ ပင်စင်လစာငွေများကို ထုတ်ပေး လျက်ရှိပါသည်။
မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ ဇွန်လတွင် အငြိမ်းစားနိုင်ငံဝန်ထမ်း(၂၈၈)ဦး ထုတ်ယူခဲ့ကာ စုစုပေါင်းပင်စင်လစာငွေ မြန်မာကျပ်ငွေ(၆၀၃၅၄၃၉၉)ကျပ် ထုတ်ပေးခဲ့ပြီး ယခု ဇူလိုင်လတွင် (၂၅) ရက်နေ့အထိ အငြိမ်းစားနိုင်ငံဝန်ထမ်း(၁၇၁)ဉီး ထုတ်ယူဆောင်ရွက်ပေးလျက် နောက်လဆန်းပိုင်း အထိ ထုတ်ယူနိုင်ကြောင်း သိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)