ရမည်းသင်း ဇူလိုင် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာတက္ကသိုလ်(ရမည်းသင်း)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက နည်းပညာတက္ကသိုလ် (ရမည်းသင်း) ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ဆရာကြီးပါမောက္ခချုပ် ဒေါက်တာ မြတ်သူကကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့်လူမှုဘဝမြှင့်မားစေရန်ရည်ရွယ်ကာလူငယ်စကားဝိုင်းကျင်းပရခြင်းကိုရှင်းလင်းပြောကြားပြီးရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ လူငယ် စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည် ပြည့်ဝလာပြီးဗဟုသုတကိုမျှဝေခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး နည်းပညာတက္ကသိုလ် (ရမည်းသင်း) ပထနှစ် Civil ကျောင်းသူ မဖူးပြည့်စုံမှလူငယ်နှင့် စာပေခေါင်းစဉ်ကိုလည်းကောင်း၊ ပထမနှစ် Civilကျောင်းသူ မမေမြတ်နိုခင်မှ လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ကို လည်းကောင်း၊ ပထမနှစ် Electronic ကျောင်းသူ မဆုဝေသင်းအောင်မှ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ကိုလည်းကောင်း၊ ပထမနှစ် Civilကျောင်းသား မောင်ရဲလိုင်မိုးမှလူငယ်နှင့် တိုးတက်လာသည့် နည်းပညာခေါင်းစဥ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများမှ ခေါင်းစဉ်အလိုက် သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်သူတို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၃၇၆) ဦးတက်ရောက်ခဲ့ကြပြီး စကားဝိုင်းဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့မှတ်သားခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်