တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးမဂ္ဂဇင်း (၂၀၂၂ ခုနှစ်) တွင် ပါဝင်သည့် စာရေး ဆရာများအား  ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး မဂ္ဂဇင်း (၂၀၂၂ ခုနှစ်) တွင် ပါဝင်သည့် စာရေးဆရာများအား  ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးမဂ္ဂဇင်း (၂၀၂၂ ခုနှစ်) တွင် ထုတ်ဝေသည့် မဂ္ဂဇင်းနှင့်ပတ်သက်ပြီး ပါဝင်ရေးသားကြသည့် စာရေးဆရာ၊ ကာတွန်းဆရာ၊ ဓာတ်ပုံဆရာနှင့် မဂ္ဂဇင်းဖြစ်မြောက်ရေးအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေး စာတည်းအဖွဲ့အပါအဝင် ဂုဏ်ပြုပွဲအခမ်းအနားဖြစ်ကြောင်း၊  ဒေသအတွင်းမှာရှိသောအချက် အလက်များကို အများပြည်သူ သိရှိပြီး ဖတ်ရှု့၍ ဒေသနှင့်ပတ်သက်သော ဗဟုသုတများ၊ တိုင်းဒေသကြီးအတွင်းမှာရှိသော  အရေးကြီးသည့်အချက် အလက်များ၊ ထင်ပေါ်ကျော်ကြားသော အချက်အလက်များ၊ ရှားပါးပြီး ပြည်သူအများမသိရှိသော အချက်အလက်များကို တစုတစည်းတည်း မှတ်တမ်းတင်ထားရှိနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ထုတ်ဝေရခြင်းဖြစ်ကြောင်း၊ ဒေသနှင့် ပတ်သက်သော စာပေယဉ်ကျေးမှုများအား မှတ်တမ်းအဖြစ်ထားရှိပြီး နောင်လာနောင်သားများဖတ်ရှု့ လေ့လာနိုင်သလို လိုအပ်သည့်အချိန်များတွင် မဂ္ဂဇင်းကနေရှာဖွေပြီး အသုံးချနိုင်မည်ဖြစ်ကြောင်း၊  မဂ္ဂဇင်းဖြစ်မြောက်ရေးကို ဝိုင်းဝန်းပြီး ဆောင်ရွက်ပေးသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မဂ္ဂဇင်းတွင် ပြည်စုံလုံလောက်မှုသော်လည်းကောင်း၊  လိုအပ်မှုသော်လည်းကောင်း ရှိနိုင်သောကြောင့် စာအုပ်အနေအထားအရ မဖော်ပြလိုက်ရ သည့်များရှိနေနိုင်သည့်အတွက် နောင်မကြာမီ ထပ်မံထုတ်ဝေသွားနိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်တို့က ကဗျာ၊ စာပေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဓာတ်ပုံပညာရှင်များကိုယ်စား ကိုယ်စားလှယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် စာမူခများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး