မူဆယ် ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုနားရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း (ကောင်းမူး)တွင် ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က မူဆယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိသူများ၊ မူဆယ်မြို့နယ်၊ ရုပ်/သံစက်ရုံမှူး ဦးစိုးမြင့်ဦး၊ ကမ်းလက်ကူညီပရဟိတအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အဖွဲ့ဝင်များပါဝင်သော အလှူရှင်များသည် ကျောင်းသား/သူများအတွက် လိုအပ်နေသော စာရေးခုံနှင့်ထိုင်ခုံများကို သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
မူဆယ်မြို့၊ ဟိုးနားရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း(ကောင်းမူး)တွင် တက်ရောက် ပညာသင်ကြားလျက်နေသော ကျောင်းသား/သူစုစုပေါင်း (၆၀၀)ကျော်ခန့်ရှိပြီး ဆရာ/ဆရာမ(၉)ဦးနှင့် စာသင်ခန်း(၈)ခန်းရှိလျက် ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် စာရေးခုံနှင့် ထိုင်ခုံများ လုံလောက်မှုမရှိခြင်း၊ စာသင်ခန်းလုံလောက်မှုမရှိခြင်းနှင့် သောက်သုံးရေ မလုံလောက်ခြင်းများ ကြုံတွေ့နေရ ကြောင်းသိရှိရသဖြင့် မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမှ မတည်၍ စေတနာရှင်အလှူရှင်များက ပါဝင်လှူဒါန်းခဲ့ကြပြီး စုစုပေါင်းတန်ဖိုးငွေကျပ်(၇၃၅၀၀၀၀)ကျပ်ဖြင့် စာရေးခုံနှင့်ထိုင်ခုံတစ်စုံလျှင် ငွေကျပ် (၁၂၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် (၆၀)သိန်းတန်ဖိုးရှိ စာရေးခုံနှင့်ထိုင်ခုံ(၅၀)စုံကိုလည်းကောင်း၊ သောက်သုံးရေ လုံလုံလောက်လောက်ရရှိရေးအတွက် အဝီစိတွင်းရေမှ ရေကန်အတွင်း ရေဖြည့်တင်ရာ၌ လိုအပ်သော အော်တိုကပ်တောက်(Auto-cut-out) တန်ဖိုးငွေကျပ် (၃၅၀၀၀၀)ကျပ်နှင့် ပစ္စည်းများအား ဝယ်ယူ၊ သယ်ယူ စရိတ်ငွေကျပ်(၁၀)သိန်းတို့ကို သက်ဆိုင်ရာတာဝန်ရှိ ကျောင်းအုပ်ဆရာမကြီးထံသို့ လက်ဝယ်အရောက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)