ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့  မိုးရာသီ ဒီ‌ရေတောသစ်ပင် စိုက်ပျိုးပွဲ တော်အခမ်းအနားတက်‌ရောက်၍ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှု

ကျောက်ဖြူ  ဇူလိုင်  ၂၆

ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်ရှိ ထိန်းသိမ်းရေးဒီရေတောအနီးတွင်ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီ  ဒီရေတောသစ်ပင်စိုက်ပွဲပျိုးတော်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြို့သန့်ရှင်းသာယာလှပရေးဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေးကြ သည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ကျောက်ဖြူမြို့ ပြင်ဖြူမော်ရပ်ကွက်သို့ သွားရောက်ပြီး အဆိုပါရပ်ကွက်ရှိ  ထိန်းသိမ်းရေးဒီရေ တောအနီးတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ၂၆-၇-၂၀၂၃ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်၂၀၂၃ ခုနှစ်၊ မိုးရာသီ ICM (Intergrated Costal Management) ပင်လယ်ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်မှု ဒီရေတောသစ်ပင် စိုက်ပွဲတော် အခမ်းအနားသို့ တက်ရောက်ကာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်နေပြည်သူများပါဝင်သည့် စုစုပေါင်းအင်အား (၃၀၀)ခန့်နှင့်အတူ ဒီရေတော သစ်တောမျိုးများဖြစ်သည့် ဗျူးခြေထောက် (အဖို၊အမ)နှင့်သမဲ့ပင် စုစုပေါင်းအပင် (၁၀၀၀) အား  သတ်မှတ်နေရာအသီးသီးတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်သို့ ရောက်ရှိပြီး လေဆိပ်မှ မြို့အဝင်လမ်း လမ်းဘေး ဝဲ/ယာ တစ်လျှောက်ရှိ ခြုံနွယ်၊ ပေါင်းပင်၊ မြက်ပင်များ၊ လမ်းမပေါ်သို့ကျရောက်နေသည့် သစ်ပင်၊ သစ်ကိုင်းများ၊ တယ်လီဖုန်းကြိုးများ၊ လျှပ်စစ်မီးကြိုးများနှင့် မလွတ်သည့် သစ်ပင်၊သစ်ကိုင်းများကို ကျောက်ဖြူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး/ဖြိုးဝေလင်း(ပြန်/ဆက်)