ရေနံချောင်းမြို့နယ်၌ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရေနံချောင်း ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရေနံချောင်းမြို့နယ်၌ အခြေခံစားသောက်ကုန်များကို ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၇ နာရီက ရေနံချောင်းမြို့ မြို့မဈေးကြီးတောင်ဘက် ကုန်သည်လမ်းမကြီးပေါ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ် ရောင်းဝယ်သူများက တန်းဖိုးသင့်တိုက်ရိုက် အရောင်းဆိုင်ဖွင့်လှစ်ကာ အခြေခံစားသောက်ကုန်များကို ပြင်ပပေါက် ဈေးထက်သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ဆန်()ပြည်ကို ၃၂၀၀ ကျပ်၊ ဆီငါးဆယ်ကျပ်သား()ဘူးကို ၂၈၀၀ ကျပ်၊ ကုလားပဲ ()ဘူးကို ၈၅၀ ကျပ်၊ ကြက်ဥ()လုံးကို ၂၅၀ ကျပ်၊ ကန်စွန်းရွက်(၅)စည်း ၁၀၀ ကျပ်ဖြင့် ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ရာ ဆန် (၂၄၀)ပြည်၊ ဆီ (၂၅၀) ဘူး၊ ကုလားပဲ (၂၅၀) ဘူး၊ ကြက်ဥ (၇၅၀) လုံးနှင့် ကန်စွန်းရွက် (၄၀၀) စည်း စုစုပေါင်းတန်ဖိုးငွေ ၁၉၀၀၀၀၀ ကျပ်ဖိုး ရောင်းချပေးနိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ကုန်သည်ကြီးများအသင်းတို့ဖြင့် ပေါင်းစပ်ဆောင်ရွက်ခဲ့ပြီး ဒေသခံ ပြည်သူများ လွတ်လပ်စွာလာရောက် ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်