မုဒုံ ဇူလိုင် ၂၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများနှင့် မိတ်ဆက်တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးပြည်သိမ်းက အမှာစကားပြောကြားပြီး တင်ဒါအောင်ကုမ္ပဏီများမှမိတ်ဆက်ခြင်းနှင့် ဆောင်ရွက်မည့်လုပ်ငန်းများအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်တည်ကော်အဖွဲ့တို့က လုပ်ငန်းများဆောင်ရွက်မှုနှင့်ပတ်သက်၍ လမ်းညွှန်မှာကြားပြီး သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။
မုဒုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကွမ်လှာ(ရွာဟောင်း)ကျေးရွာတွင် ရေပေးရေးလုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေကျပ် သန်း ၈၂ ဒသမ ၆၀၁ ဖြင့်လည်းကောင်း၊ ကျိုက်ကာကျေးရွာတွင် ရွာအဝင်လမ်းကတ္တရာခင်းခြင်းလုပ်ငန်း(၀/၇ ဒသမ ၄၂၄)မိုင်နှင့် Slab Culvert သုံးစင်း၊ ကော့လှကျေးရွာတွင် ကုန်ထုတ်လမ်းပေါ်ရှိ ကွန်ကရစ်တံတား ပေ ၃၀ နှင့် ထောင်ကေးရပ်ကွက်ပိုင် ကော့ပရိုက်ချောင်းဖြတ် ကုန်ထုတ်ကွန်ကရစ်တံတားပေ ၄၀ တည်ဆောက်ခြင်းတို့ကို ပြည်နယ်ရန်ပုံငွေကျပ်သန်း(၃၉၁ ဒသမ ၈၁၈)ဖြင့် တင်ဒါအောင်ကုမ္ပဏီ ငါးခုတို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)