နွားထိုးကြီး ဇူလိုင် ၂၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တောင်သူများအား မိုးရာသီ စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါဘဏ်တွင် ထုတ်ချေးပေးလျက်ရှိသည်။
ထိုသို့ထုတ်ချေးရာတွင် နိုင်ငံသားများ၏ စာနပ်ရိက္ခာဖူလုံစေရေး ၊ မြန်မာ့လယ်ယာ ထွက်ကုန်များ နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့နိုင်ရေးနှင့် တောင်သူများ၏ ဝင်ငွေနှင့် လူမှု စီးပွားရေးဘဝတိုးတက်စေရန် ရည်ရွယ်၍ ဇူလိုင်လ ၂၅ ရက်နေ့အထိ ကျေးရွာအုပ်စု (၃) အုပ်စုမှ တောင် သူ (၁၂၄)ဦးကို စပါး ၁ ဧကလျှင် (၁၅၀၀၀၀) ကျပ်၊ အခြားသီးနှံ ၁ဧကလျှင် (၁၀၀၀၀၀) ကျပ် နှုန်းဖြင့်စုစု ပေါင်း ၁၁၂၁ ဧကအတွက် ထုတ်ချေးငွေ ကျပ် (၇၉၇၀၀၀၀) သိန်း တိတိအားထုတ်ချေးပေး ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအုပ်စုများကိုလည်း ဆက်လက် ထုတ်ချေးပေးမည်ဖြစ်ကြောင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
သန်းအောင်ဇော်