စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့် ပြည်သူများအား ကျပ်သိန်းပေါင်း ၁၄၉၀၀ ကျော်ထောက်ပံ့
Jul 05,2025
စ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ဆန်ရိက္ခာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇူလိူင် ၅ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ နှစ်(၇၀၀)ပြည့် ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံ မြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ ၂၁၂၅၀ နှင့် ဝန်ထမ်း/မှီခို ၆၀၀၇ ဦးစုစုပေါင်း ၂၇၂၅၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁,၄၉၀,၃၄၈,၁၀၀ (ကျပ်သိန်းပေါင်း တစ်သောင်း လေးထောင်ကိုးရာ သုံးသိန်းလေးသောင်း ရှစ်ထောင်တစ်ရာ) ကို ပေးအပ်သည်။