ဒဂုံ ဇူလိုင် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် ဒဂုံမြို့နယ်ပြည်လမ်းအနောက်ရပ်ကွက် ကင်း၀န် မင်းကြီးလမ်းတွင် မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးနှင့်ကျန်းမာရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက်(၇)နာရီမှ (၁၀)နာရီအထိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကင်း၀န်မင်းကြီးလမ်းတွင် လမ်းဘေးဝဲယာရှိမြက်များဖြတ်ခြင်း၊ လမ်းပေါ်သို့ အုပ်မိုးနေသောသစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမြင်မတင်တယ်သည်များ ရှင်းလင်းခြင်း၊ လမ်းဘေးမြောင်းများ ဆယ်ယူခြင်း၊ သဲ၊ ခဲများထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ ခြင်အန္တရာယ် ကင်းရှင်းရေးအတွက် ဖုံး သွန် လဲ စစ်ခြင်း၊ ရေကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့တော်သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် EO ရုံး၊ ရေစီးရေလာဌာန၊ သန့်ရှင်းရေးဌာန၊ ပန်းဥယျာဉ်ဌာန၊ စည်ပင်သာယာ(ကျန်းမာရေးဌာန) မှစုစုပေါင်းအင်အား(၂၇)ဦးဖြင့် ဆောင်ရွက်ခဲ့ကြပြီး အဆိုပါဆောင်ရွက်သည့်နေရာသို့ ကျောက်တံတားခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ ရေးစီးရေလာဌာနမှခရိုင် အင်ဂျင်နီယာမှူးတို့ လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်း ရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)