အုတ်တွင်းမြို့နယ်၊ သရက်ကုန်းကျေးရွာဧက (၁၀၀)နှင့် မြောက်ထန်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်းဘေးဝဲယာတစ်လျှောက်တွင် မိုးရာသီ သီးပင်၊ စားပင်များ စိုက်ပျိုးခြင်းအခမ်းအနားပြုလုပ်

အုတ်တွင်း ဇူလိုင်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ မိုးရာသီ သီးပင်၊ စားပင်များအားစိုက်ပျိုးခြင်းကိုယနေ့ မွန်းလွဲပိုင်းက သရက်ကုန်းကျေးရွာ ဧက (၁၀၀) ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်းနှင့် မြောက်ထန်းကုန်းကျေးရွာ ကျေးလက်ကုန်ထုတ်လုပ်ရေးလမ်း(၂) လမ်းဘေးဝဲ၊ ယာတစ်လျှောက်တွင် စိုက်ပျိုးခဲ့သည်။

အဆိုပါမိုးရာသီ သီးပင်၊ စားပင် စိုက်ပျိုးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဇင်မာမြင့်နှင့် ဝန်ထမ်းများ၊ ကျေးလက်နေပြည်သူများကသခွပ်ပင်၊ ဒန့်ဒလွန်ပင်၊ ကြောင်လျှာပင်၊ စုစုပေါင်းအပင် (၃၀၀)အား သရက်ကုန်းကျေးရွာဧက(၁၀၀) ကုန်ထုတ်လုပ်ရေးလမ်းနှင့် မြောက်ထန်းကုန်းကျေးရွာ ကျေးလက် ကုန်ထုတ်လုပ်ရေးလမ်း(၂)  လမ်းဘေးဝဲ၊ ယာတစ်လျှောက်တွင် စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)