ပြည် ဇူလိုင် ၅
ယနေ့ကျရောက်သည့် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ အထိမ်းအမှတ်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ "မင်းဧရာ" ရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်က သမဝါယမအသင်းသား ပြည်သူများအတွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ (၅)ရာခိုင်နှုန်း ဈေးလျော့ရောင်းချပေးခြင်း ဆောင်ရွက်သည်။
ထိုသို့ရောင်းချပေးခြင်းကို အဆိုပါအထိမ်းအမှတ်နေ့ ဂုဏ်ပြုဆောင်ရွက်ခြင်းဖြစ်ပြီး ရောင်းချပေးရာတွင် ဆန်၊ ဆီ၊ ပဲမျိုးစုံနှင့် အခြေခံစားသောက်ကုန်များအပါအဝင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံပါဝင်ကာ စားသုံးသူသမဝါယမအသင်းသားမိသားစုများ လာရောက်ဝယ်ယူအားပေးကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)