အဖျောက်မြို့၊ အဖျောက်ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက အဖျောက်ဈေးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းတို့ကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြဆောင်ရွက်သည်။