အိမ်မဲ ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ “၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးပါးတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုး ထည့်သွင်းမြေမြှုပ်ပွဲ” အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က အိမ်မဲမြို့နယ်၊ သဖန်းပင်ဆိပ် ကျေးရွာရှိ တောင်သူ ဦးလှကျော်၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးထည့်သွင်းမြေမြှုပ်ပွဲ အခမ်းအနားသို့ မြောင်းမြ ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက် မြင့်မားရေး အဖွဲ့ဝင်များ၊ အိမ်မဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ရေးဦး စီးဌာနမှဝန်ထမ်းများနှင့် ဒေသခံတောင်သူများစုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက တောင်သူ ဦးလှကျော်၏ လယ်မြေကွင်းအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များအား စက်ကိရိယာများဖြင့် ထယ်ထိုးထည့်သွင်း မြေမြှုပ်နေမှုများကို ကြည့်ရှုအား ပေးခဲ့ကြပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက မိုးစပါးစိုက်ပျိုးရာတွင် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ပြီး ၊ ဓာတ်မြေသြဇာလျှော့ချသုံးစွဲနိုင် ကာအထွက်နှုန်း ကောင်းမွန်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထည့်သွင်းခြင်း၏ အကျိုးကျေးဇူးများကို တောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)