အမြို့မြို့အနယ်နယ်သတင်းများ

ဂန့်ဂေါမြို့တွင် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကျင်းပ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို အားကစား ပြိုင်ပွဲများကို အောက်တိုဘာ(၂၉)ရက်မှ (၃၀)ရက်နေ့အထိ ဂန့်ဂေါမြို့ ပြည်သူ့အားကစားကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ရန်အောင်မြင်တောရ (မြို့တော်ဝန်) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒထံသို့ သွားရောက်ဖူးမြော်၍ သင်္ကန်း၊ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူ ဒါန်းခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၇၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၇၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန် တောင်သူများက ဆက်လက်ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်း နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခ.လ.ရ(၅၀) တပ်ရင်းနှင့် မွန်းလွဲ ၁ နာရီအချိန်က အမြှောက်တပ်(၃၇၁)တပ်ရင်းခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။                          

ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော် စိုက်ပျိုးပြီးစီး

ကြံစိုက်ပျိုးဧက များစွာရှိသော ပေါက်ခေါင်းမြို့နယ်တွင် ကြံစိုက်ဧကပေါင်း နှစ်သောင်းကျော်ရှိရာ ယခုနှစ်တွင်လည်း ကြံစိုက်ဧက ၁၂၃၆၅ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အိန္ဒုကျေးရွာ၌ လျှပ်စစ်ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အိန္ဒုပအိုဝ်းစိန်ရတနာ ကျောင်းတိုက်၌ ကျင်းပသည်။

ဘိုကလေးမြို့နယ်တွင် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကျင်းပနိုင်ရေး အနေကဇာတင် လှူ၍ မြတ်ဘုရားများအား ပင့်ဆောင်

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နိုဝင်ဘာ(၁)ရက်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်မှ နိုဝင်ဘာ(၅)ရက်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁)ရက်နေ့ထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် အစဉ်အလာမပြတ် ကျင်းပဆောင်ရွက်သွားမည် ဖြစ်ရာ ယနေ့နံနက်(၅)နာရီခွဲ အချိန်တွင် မြို့နယ်နှစ်ကျိပ်ရှစ် ဆူတန်ဆောင်း တော်အတွင်း၌ ဆရာတော်၊ သံဃာတော်ကြီးများအား ပင့်ဖိတ်၍ နှစ်ကျိပ်ရှစ်ဆူ မြတ်ဘုရားများအား အနေကဇာတင်လှူပူဇော်ခဲ့သည်။

ရန်ကုန်မြို့၌ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲ သူများ သင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ (၉)မိုင်ဝင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတက်ရောက်

၂၀၂၅ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပ ပြုလုပ်သော (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်း အနားကို အောကိတိုဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ