အမြို့မြို့အနယ်နယ်သတင်းများ

ပူတာအိုမြို့နယ် ဒါဂိုရှီဇားကျေးရွာ၌ သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီး စသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များ ထွက်ပေါ်လာစေရန်၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ပြည်ပမှဝယ်ယူရသော စားသောက်ကုန်များ တင်သွင်းမှုလျှော့ချနိုင်စေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့် နည်းပညာများပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင်သူနှင့် စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်၊ သင်တန်းဆင်းများ ထုတ်လုပ်သည့် တန်ဖိုးမြှင့်အစားအစာများ စနစ်တကျဓာတ်ခွဲစမ်းသပ်၍ လုံခြုံစိတ်ချစွာ စားသောက်နိုင်ရေးနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ခြင်းဖြင့် အသေးစားစက်မှုလုပ်ငန်းရှင်များတိုးပွား၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလာစေရန် ဖွင့်လှစ်ခဲ့သည့် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပူတာအိုမြို့နယ်၊ ဒါဂိုရှီဇားကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရေစကြိုမြို့နယ်တွင် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရေစကြိုမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က ရေစကြိုမြို့၊ အ.ထ.က (၁) ကျောင်းဝန်းအတွင်း၌ ကျင်းပသည်။

ခိုလမ်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့အတွင်း မီးလောင်မှု/ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် မြို့မကံ့‌ကော်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းဘွဲ့နှင်းသဘင်နှင့် စုံညီပွဲတော် အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မြို့မကံ့ကော်မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းဘွဲ့နှင်းသဘင်နှင့် စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

နောင်မွန်းမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် လူငယ်များ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော အားကစားသမားများပေါ်ထွန်းလာစေရန်နှင့် လူငယ်အချင်းချင်း စည်းလုံးညီညွတ်မှုရရှိကာ ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ (၇၉)နှစ်မြောက်ပြည်‌ထောင်စုနေ့အထိမ်းအမှတ်အမျိုးသားအလွတ်တန်းပိုက်ကျော်ခြင်းလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ပင်လုံတက္ကသိုလ်(၂၃)နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပင်လုံတက္ကသိုလ် (၂၃)နှစ်ပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ပင်လုံတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမတွင် ယခုလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် စာတမ်းရှင်များ တက်ရောက်ခဲ့သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်

၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံအမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

မိုင်းရယ်၌ (၂၆)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ (၂၆) ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီမှစ၍ အမှတ် (၃) ရပ်ကွက်၊ ဆိုင်မိန်းကျောင်း၊ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ၂၃ ကျောင်းမှ အခြေပြုမူလတန်းဆင့် သာမဏေ ၁၁၇ ပါး၊ ပထမဆင့် (ပထမနှစ်) သာမဏေ ၁၅၇ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၁၉ ဦး၊ ပထမဆင့် (ဒုတိယနှစ်) သာမဏေ ၆၆ ပါး၊ လူပုဂ္ဂိုလ် ၃ ဦး၊ ပထမ ဆင့်(တတိယနှစ်) သာမဏေ ၃၂ ပါး၊ ဒုတိယဆင့် (ပထမနှစ်) သာမဏေ ၁ ပါး၊ ဒုတိယဆင့် (ဒုတိယနှစ်) သာမဏေ ၃ ပါး၊ စုစုပေါင်း သာမဏေ ၃၇၁ ပါး၊ သီလရှင် ၁ ပါး၊ လူပုဂ္ဂိုလ် ၂၇ ဦးတို့မှ ဝင်ရောက်ဖြေဆိုခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ်အဝိုင်း ကားမှတ်တိုင်တွင် YBS မော်တော်ယာဉ်တစ်စီး အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ကျောက်ရေတွင်းရပ်ကွက်၊ သဓမ္မာလမ်း၊ အဝိုင်းကြီးကားမှတ်တိုင်တွင်  ယနေ့  နေ့လယ် ၃ နာရီ ၁၉ မိနစ် အချိန်ခန့်က YBS မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ ဝါယာကြိုးများ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ သူနာပြုတက္ကသိုလ် (မန္တလေး)၏ ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) (၁၁/၂၀၂၅) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ သူနာပြုတက္ကသိုလ် (မန္တလေး)၏ ပထမနှစ် သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) (၁၁/၂၀၂၅) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ၆ ထပ်ဆောင်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ မန္တလေးသူနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်ဝင်းစိန်၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပါမောက္ခဌာနမှူးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ