ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲများပြုလုပ်

ပခုက္ကူ ဇွန် ၁၅

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုး ရေးသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းလင်းက ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သိန်းဇော်က ရာသီနှင့်အသက်အရွယ်အလိုက် ဖြစ်ပေါ်တတ်သော ရောဂါများ၊ ရောဂါအမျိုးအစားများအလိုက် ကာကွယ်ကုသနည်းနှင့် ဆင်ခြင်စားသုံးသင့်သော အစားအစာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းယုမော်က သတင်းအမျိုးအစားများ၊ သတင်းအမှား အမှန် ခွဲခြားသိမြင်ရေးများကိုလည်းကောင်း၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းက သဘာဝဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်အမျိုးအစားအလိုက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဇော်မျိုးအောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းများကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးစန်းအောင်နှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးမြင့်နှင့်ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းအမှတ်စဉ်(၁၂) သင်တန်းသူများတက်ရောက်ကြပြီး ဟောပြောမှုများအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဌာနအလိုက် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ သဘာဝဘေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)