ကန်ကြီးထောင့်မြို့နယ်၌ အစိုးရထုတ် ယူရီးယားဓာတ်မြေသြဇာများအား တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်

ကန်ကြီးထောင့်    ဇွန်    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ မြို့နယ်အတွက်ရရှိသော အစိုးရ ထုတ် ယူရီးယားဓာတ်မြေသြဇာများအား တောင်သူများသို့ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တကုန်းကြီး ကျေးရွာ စိုက်ပျိုးရေးစခန်းတွင်ပြုလုပ်သည်။

အဆိုပါပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးသက်နိုင်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြှင့်မားရေးအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြပြီး မြို့နယ် အတွက်ရရှိသော အစိုးရထုတ် ယူရီးယားဓာတ်မြေသြဇာများအား တောင်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပြီး တောင်သူများနှင့်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြ ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)