မိုင်းရယ်မြို့ ပြည်သူ့စာကြည့်တိုက်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

မိုင်းရယ် ဇွန် ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးစီး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာ‌‌‌‌‌‌‌‌‌‌‌‌‌‌က မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုနှင့် တိုက်ဖျက်ရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောသည်။

ထို့နောက် အ.ထ.က၊ အ.လ.က၊ မူလွန်(၁)နှင့် မူလွန်(တပ်တွင်း)ကျောင်းများမှ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၂)ဦးက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြပြီး စာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်ကို ကြည့်ရှုခဲ့သည်။ အဆိုပါ ပန်းချီပြိုင်ပွဲ ယှဉ်ပြိုင်နေမှုကို မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)