မြစ်သားမြို့နယ်တွင် မြရတနာလူမှုကူညီရေးအသင်းအတွက် မြေနေရာ၊ အဆောက်အအုံနှင့် မော်တော်ယာဉ် လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကသဲကုန်းကျေးရွာ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် မြရတနာလူမှုကူညီရေးအသင်းအတွက် ကွယ်လွန်သူမိခင်ကြီး (ဒေါ်သိန်းရှင်) အားရည်စူး၍ ကျန်းမာရေးမော်တော်ယာဥ်၊ အဆောက်အဦး၊ မြေနေရာတို့အားလှူဒါန်းပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျေးရွာအဝင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။