မချမ်းဘောမြို့နယ်၌ Placement Test (အထူးအစီအစဉ်) စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦး ဝင်ရောက်ဖြေဆို

မချမ်းဘော ဇွန်၁၅

နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိစေရန်ရည်ရွယ်၍ နိုင်ငံတစ်ဝှမ်းလုံး၌ Placement Test (အထူးအစီအစဥ်)စာမေးပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် Placement Test (အထူးအစီအစဥ်) စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.ကမချမ်းဘောစာစစ်ဌာန၌ စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။ 

အဆိုပါစာမေးပွဲတွင် အထကမချမ်းဘောကျောင်းတွင် တက်ရောက်မည့် မူလတန်း ကျောင်းသား၊ ကျောင်းသူ ၂ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦး၊ အ.ထ.က ထရန်ဒမ်းကျောင်းတွင် တက်ရောက်မည့် မူလတန်းကျောင်းသား၊ ကျောင်းသူ ၄ ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ ၂ ဦး၊ အထကခွဲနမ်ခမ်ကျောင်းတွင် တက်ရောက်မည့် မူလတန်းကျောင်းသား, ကျောင်းသူ ၂ ဦး၊ အလကနမ်ဘူယာန်ကျောင်းတွင် တက်ရောက်မည့် အလယ်တန်းကျောင်းသား ၁ ဦး၊ အလကမြို့မကျောင်းတွင် တက်ရောက်မည့် မူလတန်းကျောင်းသူ ၁ ဦး၊ အမက ကောင်းမှု လုံကျောင်းတွင်တက်ရောက်မည့် မူလတန်းကျောင်းသူ ၁ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး မူတန်းအောက်ဆင့်စာမေးပွဲကို ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၁၆ ရက်နေ့ထိလည်းကောင်း၊ မူလတန်းအထက်ဆင့်စာမေးပွဲများကို ဇွန်လ ၁၅ ရက်မှ ဇွန်လ ၁၉ ရက်နေ့ထိလည်းကောင်း၊ အလယ်တန်းအဆင့်စာမေးပွဲများကို ဇွန်လ ၁၅ ရက်မှ ဇွန်လ ၂၀ ရက်နေ့အထိလည်းကောင်း တစ်ရက်တစ်ဘာသာနှုန်းဖြင့် နေ့စဥ်နံနက် ၉ နာရီမှ နံနက် ၁၀ နာရီခွဲ အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ယောရွှေနီ