ဆီဆိုင် ဇွန် ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် Placement Test (အထူးအစီအစဉ်) စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (ဆီဆိုင်) ၌ ကျင်းပသည်။
ထိုသို့ Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုရာတွင် ဆီဆိုင်မြို့နယ်အနေဖြင့် Grade-8 မှ ကျောင်းသား (၁) ဦး၊ Grade-7 မှ ကျောင်းသား (၃) ဦး၊ ကျောင်းသူ (၄) ဦး၊ Grade-6 မှ ကျောင်းသား (၅) ဦး၊ ကျောင်းသူ (၄) ဦး၊ Grade-5 မှ ကျောင်းသား (၉) ဦး၊ ကျောင်းသူ (၃) ဦး၊ Grade-4 မှ ကျောင်းသား (၇) ဦး၊ ကျောင်းသူ (၈) ဦး၊ Grade-3 မှ ကျောင်းသား (၄) ဦး၊ ကျောင်းသူ (၁၂) ဦး၊ Grade-2 မှ ကျောင်းသား (၆) ဦး၊ ကျောင်းသူ (၅) ဦး၊ Grade-1 မှ ကျောင်းသား (၄) ဦး၊ ကျောင်းသူ (၇) ဦး၊ စုစုပေါင်း ကျောင်းသားကျောင်းသူ ဖြေဆိုသူ (၈၂) ဦးရှိပြီး အတန်းလိုက် သတ်မှတ်စာဖြေနေရာတို့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကြသည်။ အဆိုပါ Placement Test (အထူးအစီအစဉ်) စာမေးပွဲကို (၁၅-၆-၂၀၂၆) ရက်နေ့မှ (၂၀-၆-၂၀၂၆) ရက်နေ့အထိ ဘာသာရပ်အလိုက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)