တနင်္သာရီမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး မွမ်းမံသင်တန်းဖွင့်လှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ မဲစာရင်း စစ်ဆေးသူ၊ ထိန်းချုပ်စက်ကိုင်တွယ်သူနှင့် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်မည့် မဲရုံအဖွဲ့ဝင်များအား(MEVM) မဲပေးစက်အသုံးပြုနည်းမွမ်းမံသင်တန်းကို ယနေ့နံနက်ပိုင်းက အထက(တနင်္သာရီ)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။