တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး တတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရန် ပူပြင်းသည့် ရာသီဥတုဒဏ်ကို လျော့ပါးသက်သာစေရန်၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပစေရန်တို့ ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ လွှတ်တော်ရုံးဝင်းအတွင်း၌ ၂၀၂၆-ခုနှစ်၊ မိုးရာသီ တတိယအကြိမ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ကျင်းပသည်။