ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၇
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်တွင် အလယ်တန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲကို ယနေ့နံနက်ပိုင်း ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲအား ကျောင်းသား၊ ကျောင်းသူ (၁၆) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသားလူငယ်များအနေဖြင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်စိတ်ဓာတ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အာဇာနည်နေ့ကို မမေ့လျော့စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပညာရေးစုံညီပွဲတော်တွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)