ပုလောမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပုလော ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အလွတ်တန်းဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို  ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပုလောမြို့မ အားကစားကွင်းတွင် ကျင်းပသည်။

အဆိုပါ ၂၀၂၆ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ ပေါင်းစုံအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို မကျည်းကုန်းကျေးရွာအသင်းနှင့် အမှတ် (၅) အသင်းတို့ ယှဉ်ပြိုင်ကြရာ မကျည်းကုန်းကျေးရွာအသင်းမှ ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသည်။

ဆက်လက်၍ အနိုင်ရရှိသော မကျည်းကုန်းကျေးရွာ ဘောလုံးအသင်းအား ပလောက်တပ်နယ် ဒုတိယဗိုလ်မှူးကြီးလွှမ်းမိုး (စစ်ဦးစီးပထမတန်း) က ပထမတံခွန်စိုက်ဆုဖလား ပေးအပ်ချီးမြှင့်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့်တာဝန်ရှိသူများက ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ကြသည့် အားကစားသမားအသီးသီးအား လည်ဆွဲဆုနှင့် ငွေသားဆုများ ချီးမြှင့်ပေးအပ်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)