မြိတ်မြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းများ ဒုတိယအကြိမ်ကြေညာ
မဲဆန္ဒရှင်ပြည်သူများ၏ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက် မြိတ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ မဲစာရင်းများကို နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ ဒုတိယအကြိမ်ကြေညာထားရှိသည်။