ပုလော ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက ပုလောမြို့ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။
ဟောပြောပွဲတွင် ပုလောမြို့နယ် ပညာရေးမှူးရုံးမှ ဒုလက်ထောက်ပညာရေးမှူး ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်းက စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ အထက်တန်းကျောင်းတက်ရောက်ပါက ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာအထက်တန်းကျောင်း တက်ပြီးပါက လူမှုဘဝတွင် တောင်သူများကို နည်းပညာ အကြံဉာဏ်ပေးနိုင်ပြီး၊ အစားအစာလုံခြုံရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးချနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထိုနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)