ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား (၇၉)‌မြောက်၊ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကရသူရိ ဇူလှိုင် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား (၇၉)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ‌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမက အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းအကြောင်း ဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူးက အာဇာနည်နေ့သည် မြန်မာတစ်မျိုးသားလုံး တန်ဖိုးထားသည့် နေ့ထူးနေ့မြတ်ကြီးဖြစ်၍ ထို့နေ့ကို ကျောင်းသား၊ ကျောင်းသူများအားလုံး သိရှိထားကြရန်လိုအပ်ကြောင်း၊ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းခဲ့မှုသမိုင်းအကြောင်း၊ အာဇာနည်(၉)ဦး၏ အတ္ထုပ္ပတ္တိများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် အာဇာနည်နေ့ကို ဂုဏ်ပြုအလေးပြုခြင်း စသည်တို့ကို ပညာပေးဟောပြောပြီး  အာဇာနည် နေ့ဆိုင်ရာ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံများ၊ အာဇာနည်(၉)ဦး၏ မှတ်တမ်းများ၊  ဗိုလ်ချုပ်၏  မိန့်ခွန်းကောက်နုတ်ချက်များ၊ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြဘုတ်တို့ကိုပြသရာ ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲဆောင်ရွက်ခြင်းသည် အာဇာနည်ခေါင်းဆောင်ကြီးများအား  အတုယူ၍ အနာဂတ်သားကောင်းရတနာများ ပေါ်ထွန်းစေရေး ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၉)‌နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ပညာပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)