မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း-၂ တွင် ပါဝင်သည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ပလိပ်ကျေးရွာအုပ်စု၊ ဈေးသစ်ရပ်ကွက်၊ အ.ထ.က (ပလိပ်) မဲရုံအမှတ် (၄) တွင်လည်းကောင်း၊ မြို့သစ်ရပ်ကွက်ရှိ အ.ထ.က (စဉ့်ကိုင်) မဲရုံအမှတ် (၁) တွင် လည်းကောင်း၊ တရုတ်စုရပ်ကွက်ရှိ အ.လ.က(ခွဲ) (တရုတ်စု) မဲရုံအမှတ် (၁) တွင်လည်းကောင်း၊ ဘယ်လင်းကျေးရွာအုပ်စု၊ တောင်ဦးဓမ္မာရုံ မဲရုံအမှတ် (၃)တွင် လည်းကောင်း၊ တောင်ရင်းကျေးရွာအုပ်စု၊ အ.မ.က (တောင်ရင်း) ရှိ မဲရုံအမှတ် (၁) တွင်လည်းကောင်း မဲရုံများ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား လိုက်လံကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။