ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ
တနင်္သာရီတိုင်းဒသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့၌ ယနေ့နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာ သတ်မှတ်ထားသည့် မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ လာရောက်၍မဲပေးလျက်ရှိကြောင်း သိရသည်။