တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်ခရိုင်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သဗြေချောင်းကျေးရွာအုပ်စု၊ သဗြေချောင်းကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင်  ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်/ကျေးရွာအဆင့်ကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး လုပ်ငန်းအဖွဲ့ဝင်များက ကွင်းဆင်း၍စစ်ဆေးကြည့်ရှုခဲ့ကြသည်။

ထားဝယ်မြို့၌ ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သစ်ကိုင်းကျိုးကျပိမိသဖြင့် သေဆုံး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်း၊ ထားဝယ်ဟိုတယ်နံဘေး (ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနရုံးရှေ့)ရှိ စိန်ပန်းပင်မှာအာဇာနည်လမ်းမပေါ်သို့ ကျိုးကျစဉ် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦးအား ပိမိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ ဆိုင်ကယ်စီးနင်းလာသူတစ်ဦး သစ်ကိုင်းကျိုးကျပိမိသဖြင့် သေဆုံး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဗျောတောဝရပ်ကွက်၊ အာဇာနည်လမ်း၊ ထားဝယ်ဟိုတယ်နံဘေး (ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနရုံးရှေ့)ရှိ စိန်ပန်းပင်မှာ အာဇာနည်လမ်းမပေါ်သို့ ကျိုးကျစဉ် ဆိုင်ကယ်စီးလာသည့်အမျိုးသမီးတစ်ဦးအား ပိမိသဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌လူငယ်များဗလငါးတန်းဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာအသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်‌စေရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့  မွန်းလွဲ(၁)နာရီက ကျင်းပ‌သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကော့သောင်းမြို့ဇာဒက်ကြီးကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ ဇာဒက်ကြီးကျေးရွာသို့ ယနေ့နံနက်ပိုင်းက သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။

ပုလောမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများကို မျိုးစပါးနှင့် သွင်းအားစု ပေးအပ်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးသည့်  သမဝါယမကဏ္ဍဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အသင်းသား တောင်သူများကို မျိုးစပါးနှင့် သွင်းအားစု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲက ပုလောမြို့ သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန ကျွန်းစုမြို့နယ် ဦးစီးမှူးရုံး ဝန်ထမ်းများက ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက အ-ထ-က-ပန်းဇင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်များ နှင့် UID ကတ်များကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီးပေးအပ်ပွဲကို ကျောင်းခန်းမ၌ ကျင်းပသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ပလတ်စတစ် စွန့်ပစ်ပစ္စည်းစနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက အခြေခံပညာအလယ်တန်း(ပြည်ကြီးမဏ္ဍိုင်)ကျောင်းတွင်ကျင်းပသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ကျောင်းနှင့်ဝန်းကျင်သာယာလှပစေရေးအတွက် သန့်ရှင်းရေးနှင့်စုပေါင်းသစ်ပင်စိုက်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ပြည်ကြီးမဏ္ဍိုင်မြို့ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ယနေ့ နံနက်(၈)နာရီက ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် စုပေါင်းသစ်ပင်စိုက်ပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကော့သောင်းမြို့ပြည်သူ့ဆေးရုံ၌ ကျောက်ကပ်သန့်စင်စက်ဖြင့် ဆေးကုသနေမှုနှင့် စိုက်ပျိုး‌ရေးဦးစီးဌာန ဥယျာဉ်ခြံအတွင်း စိုက်ပျိုးထားရှိမှုအားသွားရောက် ကြည့်ရှု

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများအား ကျန်းမာရေး‌စောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး