ကျွန်းစုမြို့နယ်၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ကျွန်းစု ဇူလိုင် ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် (၇၉) နှစ်မြောက် အာဇာနည်နေ့အကြို အသိပညာပေးဟောပြောပွဲနှင့်နှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဇူလိုင် ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုး က အာဇာနည်‌နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်များ ခင်းကျင်းပြသရာ ကျောင်းသား၊‌ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့သည်။

ထို့နောက် ကဗျာပြိုင်ပွဲအား ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)