မန္တလေးတိုင်းဒေသကြီး

ပြင်ဦးလွင်မြို့တွင် စုပေါင်းအမှိုက်ကောက်ပွဲ (Plastic Campaign) ကျင်းပ   

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ဌာနရှိအရာထမ်းအမှုထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူး‌ပေါင်းပါဝင်သည့် စုပေါင်းအမှိုက်ကောက်ပွဲ (Plastic Campaign) အား ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းရှိ ထင်းရှူးတော လမ်း‌‌ဘေးဝဲယာတစ်လျှောက်၌  ကျင်းပပြုလုပ်ခဲ့သည်။  

မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအာင်မြေမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းအပ်နှံရေးအခမ်းအနားကို ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီတစ်ပိဿာလျှင် ၇၇၀၅/- ကျပ်နှုန်းဖြင့် ‌‌ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၇၇၀၅/-ကျပ်နှုန်းဖြင့်  ယနေ့နံနက် (၈)နာရီမှ နေ့လည် (၁၂) နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နေမူအား ကြည့်ရှုအားပေး

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ခရိုင် မြို့နယ် အဆင့်ဌာနဆိုင်ရာများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း၊ အ.မ.က-ရွှေဘုံသာ ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးအခြေအနေများအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးအခြေအနေများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီနာယက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် တာဝန်ရှိသူများသည် မေလ (၂၃) ရက် နံနက် (၉) နာရီတွင် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းအပ်နှံရေးအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ချမ်းအေးသာစံမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် ပြည်​ကြီးမျက်မှန်ရပ်ကွက်၊ ၂၈*၆၈လမ်းထောင့်ရှိ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က​ဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲကြသည်။

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံမှုများ ဆက်လက်လက်ခံ‌ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌  ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ကျောင်းအပ်နှံမှုများကို ဆက်လက်လက်ခံ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၁၅၂၃၀ )ဦး ကျောင်းအပ်လက်ခံပြီးစီး

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့ “ဟူသောဆောင်ပုဒ်နှင်အညီ တံတားဦးခရိုင်၌ ကျောင်းသား၊ ကျောင်းသူများအားလုံး အခြေခံပညာကျောင်းများအသီးသီးတွင် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်နေကြောင်းသိရသည် ။

တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ စခန်းသွင်းသင်ကြားနေသည့် ကျောင်းသား/သူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထောင်များ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် G-12 နောက်ဆက်တွဲတက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုကြမည့် စခန်းသွင်း သင်ကြားနေသည့် ကျောင်းသား/သူများ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးရည်စိမ်ခြင်ထော်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းအတွင်း၌ ကျင်းပကြောင်းသိရသည်။

ပလောက်မြို့၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေး ကိရိယာများ၊ အသုံးအဆောင်များ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပညာသင်ကြား နေသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်  ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး