ပြင်ဦးလွင်မြို့တွင် စုပေါင်းအမှိုက်ကောက်ပွဲ (Plastic Campaign) ကျင်းပ   

ပြင်ဦးလွင် မေ ၂၃

၂၀၂၅ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ ဌာနရှိအရာထမ်းအမှုထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ ပူး‌ပေါင်းပါဝင်သည့် စုပေါင်းအမှိုက်ကောက်ပွဲ (Plastic Campaign) အား ယမန်နေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းရှိ ထင်းရှူးတော လမ်း‌‌ဘေးဝဲယာတစ်လျှောက်၌  ကျင်းပပြုလုပ်ခဲ့သည်။  

အဆိုပါ   Plastic Campaign သို့    ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်/ မြို့နယ်သစ်တောဦးစီး ဌာန၊ ပြင်ဦးလွင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျေး လက်လမ်းဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့မှ အရာထမ်းအမှုထမ်းများ၊ Green Challenge Association (GCA) အဖွဲ့၊ သန္တိသုခလူမှုကူညီရေးအသင်း၊ ပြင်ဦးလွင်လူမှုကူညီရေးအသင်းတို့မှ တာဝန်ရှိသူများနှင့် ပြည်သူလူထုများစုစုပေါင်း (၂၀၀) ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး တက်ရောက်လာသူများအား  Recycle Bag များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင်(ပြန်/ဆက်)