ဘုတ်ပြင်း မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ခရိုင် မြို့နယ် အဆင့်ဌာနဆိုင်ရာများသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်း၊ အ.မ.က-ရွှေဘုံသာ ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အထက-ဘုတ်ပြင်းကျောင်း၌ ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကျောင်းသားကျောင်းသူများအားပညာရေးဌာနမှ အခမဲ့ပေးအပ်သည့် ခဲတံ၊ မင်တံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများကို အသီးသီးပေးအပ်ခဲ့ပြီး အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံမှုကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဘုတ်ပြင်းခရိုင်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်း ပတ်အဖြစ် မေလ(၂၂)ရက်နေမှ စတင်၍ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ အထက်တန်းကျောင်းသား၊ကျောင်းသူ (၃၃၉)ဦး၊ အလယ်တန်း(၁၄၂၇)ဦး၊ မူလတန်း( ၅၆၀၁)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၇၃၆၇) ဦး လာရောက်အပ်ပြီးဖြစ်ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်အပ်နှံလျက်ရှိကြရာဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ် လက်ခံခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)