မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီတစ်ပိဿာလျှင် ၇၇၀၅/- ကျပ်နှုန်းဖြင့် ‌‌ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မြစ်သား မေ ၂၃                   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံး သူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၇၇၀၅/-ကျပ်နှုန်းဖြင့်  ယနေ့နံနက် (၈)နာရီမှ နေ့လည် (၁၂) နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်ဇာဇာအေး(မဇာ-ကုန်စုံဆိုင်-မြစ်သားမြို့) ဦးအောင်စိုးမိုး (ကူမဲမြို့)၊ ဦးအောင်ဆန်းဝင်း (အောင်ကမ္ဘာဆီစက် ၊ ကူမဲမြို့)၊ ဦးကိုကိုကြီး (နယူးဖန်စီဆီဆိုင်၊ကူမဲမြို့)၊ ဒေါ်ကေသီအောင် (မြစ်သားမြို့)၊ ဦးဟိန်းသီဟဇော် (မြစ်သားမြို့)၊ ဦးရှိုင်းဝဏ္ဏ (ရှယ်လီဌေးဆီဆိုင်၊ ကူမဲမြို့) စသည့် ဆီကုန်သည် (၇) ဦးတို့က ရောင်းချပေးခဲ့သည်။ မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား (၁) ဦး လျှင် (၂) ပိဿာနှုန်းဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ (၄၅) ဌာနတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၂၄၇၆ ဦးတို့အား စုစုပေါင်းဆီ ၄၉၅၂ ပိဿာတို့အား စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခဲ့ကြောင်း စာသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)