မန္တလေးတိုင်းဒေသကြီး

ရေကြည်မြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ရေကြည်မြို့နယ် ပိတောက်ချောင်လမ်းဆုံ ရေကြည်ဦးပန်းခြံဝန်းအတွင်း၌ မြို့နယ်သစ်‌တောဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့တွင် လျှပ်စစ်ဝါယာလျော့ဖြစ်ကာ မီးဘေးသင့်ခဲ့သည့် မိသားစုအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ယာယီရုံး)၌  ၂၀၂၅ ခုနှစ် မေလ (၂၂)ရက်နေ့ (၁)နာရီ (၅၀)အချိန်က လျှပ်စစ်ဝါယာလျော့ဖြစ်ကာ ရေခဲသေတ္တာမှတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သော အိမ်ထောင်စု (၁)စုအား ယမန်နေ့ မွန်းလွှဲ(၄)နာရီက ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဆင်းသုခနွေစပါးစံပြကွက်အား ကွင်းဆင်းကြည့်ရှု့

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များသည် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ခန္တီးလေးကျေးရွာကွင်း အမှတ် (၄၅၅) ဦးပိုင်အမှတ် (၁၂.၂၂) တောင်သူ ဦးအောင်ကျော်စိုးစံ၏ စိုက်ပျိုးဧက (၄၅)ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး စံပြစပါးစိုက်ကွင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်း

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံပြည်တွင်း မန္တလေး မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပ စေတနာရှင်၊ ရဟန်း၊ ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား သဲဖြူမဟာမြိုင်တောရဆရာတော်နှင့်အဖွဲ့မှ သွားရောက်ဖူးမြော်  ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ဆန်၊ ဆီနှင့် အသုံးအဆောင်ပစ္စည်းလှူဒါန်းပေးအပ်

သဲဖြူ မဟာမြိုင်တောရဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်နှင့် ကိုရီးယားဆရာတော် Mr.Jung Sungu, Bo Mun Jung Sa Yongin Shi , Republic of Korea နှင့်အဖွဲ့၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မေလ(၂၃)ရက်နေ့နံနက်ပိုင်းက မဟာမုနိဘုရားကြီးသို့ သွားရောက်ပြီး မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းကြသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများအား ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက မိတ္ထီလာခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မိတ္ထီလာမြို့၌ ပလတ်စတစ် အမှိုက်ကင်းစင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကမ်ပိန်းဆောင်ရွက်

၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာ့တစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေးဆောင်ပုဒ်နှင့်အညီ မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာမြို့၌  ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ္ထီလာ မြောက်ကန်ပတ်ဝန်းကျင်တွင် ပလတ်စတစ် အမှိုက်ကင်းစင် ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကမ်ပိန်းလှုပ်ရှားမှုအဖြစ် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦနှင့် စေတီပျက်များရှင်းလင်းနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့ပေါ်ရှိ တောင်မင်းကြီးဘုရား၊ ဘုရားသုံးဆူနှင့် ရွှေဂူကြီးဘုန်းတော်ကြီးကျောင်းတိုက်အတွင်း ပျက်စီးသွားသော ကျောင်းတိုက်များကို သန့်ရှင်းရေးများ ပြုလုပ်နေရာသို့ ယမန်နေ့နံနက် ၁၁ နာရီအချိန်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးအရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦနှင့် စေတီပျက်များ ရှင်းလင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့ပေါ်ရှိ တောင်မင်းကြီးဘုရား၊ ဘုရားသုံးဆူနှင့် ရွှေဂူကြီးဘုန်းတော်ကြီး ကျောင်းတိုက်အတွင်း ပျက်စီးသွားသောကျောင်းတိုက်များကို သန့်ရှင်းရေးများပြုလုပ်နေရာသို့ ယနေ့နံနက် ၁၁ နာရီအချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) စစ်ဆေးရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး