မဟာအောင်မြေမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနား ကျင်းပ

မဟာအောင်မြေ မေ၂၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအာင်မြေမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းအပ်နှံရေးအခမ်းအနားကို ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ ကျောင်းအုပ်ဆရာကြီး ဦးရဲမြင့်၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများ တက်ရောက်ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးပြုလုပ်ရာတွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာ သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ KG တန်းမှ Grade-12 အထိ အခမဲ့ကျောင်းအပ်လက်ခံပြီး ဆိုင်ရာအတန်းအလိုက် (အခမဲ့) ဗလာစာအုပ်များ၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကျောင်းသား၊ သူများလက်ဝယ်ရောက် ပေးအပ်ခဲ့ ကြောင်းသိရသည်။

အဆိုပါကျောင်းအပ်နှံပေးခြင်း အစီအစဉ်ကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ ကျောင်းအားလုံး၌ (အခမဲ့) လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း