ပလောက်မြို့၌ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေး ကိရိယာများ၊ အသုံးအဆောင်များ ထောက်ပံ့ပေးအပ်

ပလောက် မေ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ပညာသင်ကြား နေသည့် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ်  ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်မှ ပညာသင်ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းသားသမီးများဖြစ်သည့် တက္ကသိုလ် ကျောင်းသူတစ်ဦး၊ ဝန်ထမ်းတက္ကသိုလ်ကျောင်းသူတစ်ဦးနှင့်အလယ်တန်း ကျောင်းသား/သူ(၂) ဦးနှင့်မူလတန်းကျောင်းသား/ကျောင်းသူ ( ၂) ဦးအတွက်ပညာသင် ထောက်ပံ့ကြေးနှင့် ကျောင်းသုံးစာရေးကိရိယာများ၊ အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူးမှ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် ပညာရေးကို အလေးထားနိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများကို လေ့လာကြိုးစားသင်ယူခြင်းဖြင့် ထူးချွန်ထက်မြတ်သည့် ဝန်ထမ်းသား၊ သမီးများ ပေါ်ထွန်းလာစေရေးနှင့်စပ်လျဉ်း၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)