ချမ်းအေးသာစံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးအခြေအနေများအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ကြည့်ရှုစစ်ဆေး

ချမ်းအေးသာစံ မေ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်အတွင်း ကျောင်းအပ်နှံရေးအခြေအနေများအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီနာယက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် တာဝန်ရှိသူများသည် မေလ (၂၃) ရက် နံနက် (၉) နာရီတွင် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိကာ ကျောင်းအပ်နှံရေးအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီနာယက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့်နာယကအဖွဲ့ဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏ဇနီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မီမီစိုး၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်နှင့်အဖွဲ့၊ မြို့နယ်အသင်းဥက္ကဋ္ဌ ဒေါ်သက်စုထွန်းနှင့်အဖွဲ့များမှ ကျောင်းအပ်နှံမှုအခြေအနေများကို ကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ ကျောင်း သူများအား နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ နှင့် ကျောင်းဝတ်စုံများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး ဒေါ်မမနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ Revision သင်ကြားနေမှူများကို လှည့်လည်ကြည့်ရှုခဲ့ရာ ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ပြီး အချိုရည်နှင့် မုန့်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်