တံတားဦးခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ( ၁၅၂၃၀ )ဦး ကျောင်းအပ်လက်ခံပြီးစီး

တံတားဦး မေ ၂၃

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံ ကြပါစို့ “ဟူသောဆောင်ပုဒ်နှင်အညီ တံတားဦးခရိုင်၌ ကျောင်းသား၊ ကျောင်းသူများအားလုံး အခြေခံပညာကျောင်းများအသီးသီးတွင် မေလ(၂၂)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်နေကြောင်းသိရသည် ။

တံတားဦးခရိုင်တွင် မြို့နယ်ပေါင်း(၂)မြို့နယ်ပါဝင်ပြီး၊ တံတားဦးမြို့နယ်တွင် မေလ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ အထက်တန်းအဆင့် ကျောင်းသား/သူပေါင်း(၅၇၂)ဦး၊ အလယ်တန်း ကျောင်းသား/ သူပေါင်း(၂၄၁၆)ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း(၁၀၄၁၀) ဦးစုစုပေါင်း ကျောင်းသား/သူ(၁၃၃၉၈)ဦး၊ ငါန်းဇွန်မြို့နယ်တွင် အထက်တန်းအဆင့် ကျောင်းသား/သူပေါင်း( ၁၄၇ )ဦး ၊ အလယ်တန်းကျောင်းသား/သူပေါင်း(၂၈၈ )ဦး၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း(၁၃၉၇) ဦး စုစုပေါင်း ကျောင်းသား/သူ(၁၈၃၂)ဦး  ကျောင်းအပ်လက်ခံဆောင်ရွက်ပြီးကြောင်းနှင့် ကျောင်းအပ် လက်ခံဆောင်ရွက် ပြီးသောကျောင်းသား/သူများအား ကျောင်းသုံးပြဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံတို့ကို သတ်မှတ်အတန်းအလိုက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ ပေးခြင်းဖြစ်ကြောင်းသိရသည်။

တံတားဦးခရိုင်၌ တံတားဦးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၉)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း (၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း(၆၈)ကျောင်း၊ စုစုပေါင်း(၁၂၁)ကျောင်း၊ ငါးဇွန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၇)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၉)ကျောင်း၊ အလယ်တန်းကျောင်း(၁၀)ကျောင်း၊ အလယ်တန်းကျောင်းခွဲပေါင်း(၁၇)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁၂၈)ကျောင်း၊ မူလတန်းကျောင်း(၇၃)ကျောင်း၊ စုစုပေါင်း (၁၂၈)ကျောင်းရှိပါကြောင်း ခရိုင် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

ရဲတင့်( ပြန်/ဆက်)