မန္တလေးတိုင်းဒေသကြီး

‌မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ဧသီတာခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

မိတ္ထီလာမြို့၌ ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌   ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၃ ) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

မဟာအောင်မြေမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ မိုးရာသီကာလသို့ရောက်ရှိလာပြီဖြစ်သောကြောင့် သွေးလွန်တုပ်ကွေး‌ ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ဖုံး၊ သွန်၊လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်ခရိုင်တွင် ပြည်သူများ စားသုံးဆီအခက်အခဲမရှိရေး ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ (၂)ပိဿာနှုန်းဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး ကျောက်ဆည်ခရိုင်အတွင်းရှိပြည်သူများ စားသုံး ဆီအခက်အခဲမရှိစေရေး နေ့ရက်အလိုက် အလှည့်ကျ သတ်မှတ်ရည်ညွှန်းဈေးများဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်၊ စဉ့်ကိုင်မြို့နယ်များနှင့် ကူမဲ၊ ပလိပ်မြို့နယ်ခွဲများတွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ (၂)ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းဝင်းအတွင်းရှိ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ (၁၄၀ပေ×၃၀ပေ)RCC သုံးထပ်ကျောင်းဆောင်သစ် လွှဲပြောင်း ပေးအပ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း၌ ဘင်ခရာအဖွဲ့နှင့် ပန်းပွား အကများဖြင့် ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းစနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) ၏ (၂၅)နှစ်ပြည့်ငွေရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် မြတ်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်ကစတင်၍ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲအခမ်းအနားသို့တက်ရောက်

မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသောအဆောက်အအုံများ၊ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း(မန္တလေး)တို့မှ အင်ဂျင်နီယာများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။  

ဝမ်းတွင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 “ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့  ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်း (သဲတော) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး