မှော်ဘီမြို့နယ်၌ မိုးစပါးစိုက်ဧကပြည့်မှီရေး စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ မိုးရာသီမိုးစပါးစိုက်ဧကများ ရာနှုန်းပြည့်မှီရေးအတွက်၊ မျိုးစေ့ချကိရိယာ (DrumSeeder)ဖြင့် စိုက်ပျိုးခြင်းနည်းပညာပေးဟောပြောခြင်းကို ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းက အောက်ဝါးနက်ချောင်းကျေးရွာအုပ်စု၊ တပ်ကြီးကုန်းကျေးရွာအုပ်စုနှင့် ဆပ်သွားတောကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။