ရန်ကုန်တိုင်းဒေသကြီး

အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက ရက် ၁၀၀ စီမံချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောခြင်း၊ မိုးရာသီအဖြစ်များသောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ကုသပေးခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။

လသာမြို့နယ်၌ Night Market စတင်ဖွင့်လှစ်

ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ (၁၉)လမ်း(အပေါ်)တွင် Night Market ကို ယမန်နေ့ ညနေ ၅ နာရီအချိန်၌ စတင်ဖွင့်လှစ်ခဲ့ရာ အခမ်းအနားကို တရုတ်နဂါးအက၊ ခြင်္သေ့အကများဖြင့် စည်ကားသိုက်မြိုက်စွာ ဖျော်ဖြေ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ယ​မန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့်"ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံရေးသားသည့် "ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း"စာအုပ်အား လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်၊၊

လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အ‌ရှေ့ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းတွင် လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးမှူးဦးစံသိန်းမှ ကြီးကြပ်၍ ဒု-လဝကမှူး ဦးမျိုးမြတ်ဇော်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ရန်ကင်းမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်းစာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ စာဖတ်ဝိုင်းကို ယမနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစွာသွားလာတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ယာဉ်ထိန်းတပ်ဖွဲ့စု(၂၅)မှ ဒုရဲမှူးအေးသန်း၏ ဦးဆောင် မှုဖြင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှော်ကားငါးလုပ်ငန်းစခန်းနှင့်‌ လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၇)လမ်းမကြီး၊ ဘဲတန်းတံတား၌ ပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီ ရောင်းချရေး စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

လသာမြို့နယ်၌ ကျောင်းသား/သူများနှင့် ဝန်ထမ်းမိသားစုဝင်များအား Pfizer+Flu Vaccine ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ရန်ကုန်သူနာပြုသိပ္ပံကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများနှင့် ဝန်ထမ်းမိသားစုဝင်များအား ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် Pfizer+Flu Vaccine ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး