လသာ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်ရှိ ရန်ကုန်သူနာပြုသိပ္ပံကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသုဝေ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများနှင့် ဝန်ထမ်းမိသားစုဝင်များအား ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် Pfizer+Flu Vaccine ကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် ကျောင်းသား/သူများနှင့် ဝန်ထမ်းမိသားစုဝင် စုစုပေါင်း (၃၃)ဦးအား Pfizer+Flu Vaccine ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းနှင့်ဆက်စပ်သည့် ကျန်းမာရေးအသိပညာပေး (Health Education) လုပ်ငန်းများကိုလည်း တစ်ပါတည်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ၏ ကျန်းမာရေးကောင်းမွန်စေရေးနှင့် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေလင်း