ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ

ဒဂုံအရှေ့  ဇွန်  ၉

ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှော်ကားငါးလုပ်ငန်းစခန်းနှင့်‌ လေးထောင့်ကန် ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ်(၇)လမ်းမကြီး၊ ဘဲတန်းတံတား၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးရဲထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဝန်ထမ်းများတက်ရောက်၍ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးလုပ်ငန်းရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ငါးရိက္ခာဖူလုံစေရန် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရည်ရွယ်၍ ရွှေဝါငါးကြင်းသား‌ ပေါက်ကောင်ရေ နှစ်သိန်း၊ ငါးမြစ်ချင်းသား‌ပေါက်ကောင်ရေ နှစ်သိန်းနှင့် ငါးခုံးမကြီးကောင်ရေ လေးသိန်း စုစုပေါင်း  ငါးသားပေါက်ကောင်ရေ ရှစ်သိန်းတို့ကို မအူချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ