ကွမ်းခြံကုန်း ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီ ရောင်းချမှုရှိ/မရှိ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးမှုတွင် ဆိုင်ရှင်များအနေဖြင့် အစားအသောက်များရောင်းချရာတွင် သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ အစားအသောက်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အစားအသောက်များ၏ အမျိုးအစားနှင့် အရွယ်အစားပမာဏအလိုက် ပွင့်လင်းမြင်သာစွာဖြင့် ဖော်ပြစေရေး၊ အစားအသောက်များ ဆေးကြောသန့်ရှင်းသည့်ရေ သန့်ရှင်းမှုရှိစေရေးနှင့် ကျန်းမာရေးညီညွတ်သော အစားအသောက်များ ရောင်းချရေးတို့ကို စစ်ဆေးခြင်းဖြစ်သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းကို ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဒေါ်စုစုခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများ ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)