အလုံ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အ.ထ.က(၄)ကျောင်းတွင် လမင်းစီမံချက်ဖြင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်းနှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို မြို့နယ်ဦးစီးမှူးဦးစံသိန်းမှ ကြီးကြပ်၍ ဒု-လဝကမှူး ဦးမျိုးမြတ်ဇော်နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အသက်(၁၀/၁၈)နှစ်ပြည့်သည့် ကျောင်းသား(၆)ဦးနှင့် ကျောင်းသူ(၈)ဦး စုစုပေါင်း(၁၄)ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် UID ကတ်အား ကျောင်းသား(၆)ဦးနှင့် ကျောင်းသူ(၈)ဦး စုစုပေါင်း(၁၄)ဦးကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်မေနှင်းဝေနှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
ရွှေလုံသား(မြို့နယ်ပြန်/ဆက်)