ရန်ကုန်တိုင်းဒေသကြီး

ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမပေါ်သို့ သစ်ပင်ပြိုလဲမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ်တွင် ယမန်နေ့ နေလယ်ပိုင်း (၂) နာရီ ၁၅ မိနစ်အချိန်ခန့်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမှတ် (၉) ရပ်ကွက်၊ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းမပေါ်ရှိ လုံးပတ် (၄) ပေ၊ အရှည် ပေ (၅၀) ခန့်ရှိ ညောင်ပင်နှင့် လုံးပတ် (၂) ပေ၊ အရှည်ပေ (၄၀) ခန့်ရှိ ဒညင်းပင်တို့ ပြိုလဲခဲ့ကြောင်း သိရပါသည်။

ကိုကိုးကျွန်းမြို့နယ်တွင် ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်ပြားကို ယနေ့န့နက်ပိုင်းတွင် ကိုကိုးကျွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်၍ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေး ဟောပြောခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက  ယမန်နေ့ နေ့လည်က  ဦးထွန်းအိုရပ်ကွက်တွင်  ဆောင်ရွက်လျက်ရှိသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများအား အခြေခံစာရင်းရေးစာရင်းကိုင်သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်တို့ ပူးပေါင်းဆောင်ရွက်သည့်  မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အသင်းဝန်ထမ်းများ အခြေခံစာရင်းရေးစာရင်းကိုင်သင်တန်းအား ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်းက အဆိုပါအသင်းရုံး၌ခန်းမ၌ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်၌ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေး 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနမှ ရန်ကုန်မြို့နေပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်သည့် အကျင့်ကောင်းများ ရရှိစေရေးနှင့် အစဉ်တစိုက် လိုက်နာစေရေးတို့အတွက် အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည်။

တိုက်ကြီးမြို့နယ်၌ ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများအား ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ရှုပ်ထွေးနေပြီး အမြင်မတင့်တယ်သည့် ဆက်သွယ်ရေးကြိုးများ ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆေးရုံလမ်း၊ မီးသတ်လမ်းနှင့် မြို့လယ်လမ်းတို့တွင် ဆောင်ရွက်သည်။

ဥက္ကံမြို့၌ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံးပေါ်သို့ သစ်ပင်လဲကျ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၌ ဇွန်လ ၉ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှစ်လုံးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားခြင်း လုပ်ငန်းဆောင်ရွက်ခဲ့သည်။

တံတားမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပိုလီယိုကာကွယ်ဆေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပိုလီယိုကာကွယ်ဆေးနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယ‌နေ့နံနက်(၈)နာရီက ကျေးလက်ကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးခဲ့သည်။

လမ်းမတော်မြို့နယ်၌ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်ကို ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ကွင်းဆင်း‌ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက (၃၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအရောက် အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး