သာကေတမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေးတာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းကြည့်ရှုအားပေး
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း (Door to Door) လိုက်လံကွင်းဆင်းဆောင်ရွက်နေမှုအား နိုဝင်ဘာလ ၃၀ ရက်နေ့ (၈) နာရီခွဲအချိန်က တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။