ဗိုလ်တထောင် ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဓမ္မာရုံတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက ရက် ၁၀၀ စီမံချက်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာပေးဟောပြောခြင်း၊ မိုးရာသီအဖြစ်များသောရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဖြင့်အခမဲ့ကုသပေးခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးကျင်းပပြုလုပ်သည့် အကြောင်းခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးကုသဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးက “တိုင်းရင်းဆေးပညာမိတ်ဆက်နှင့် မိုးရာသီတွင်ဖြစ်ပွါးသောရောဂါများ” အကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာသော ပြည်သူများအား တိုင်းရင်းဆေးဖြင့် အခမဲ့စမ်းသပ်ကုသပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မှူးယစ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်များအား ပြည်သူများက စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ခင်ဝင်း( ပြန်/ဆက် )