ရန်ကုန်တိုင်းဒေသကြီး

သာကေတမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသရုပ်ပြပွဲနှင့် အားကစားပစ္စည်း ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀:၀၀)နာရီအချိန်ကကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ ကိုကိုးကျွန်းမြို့နယ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များသည် ယမန်နေ့နံနက်ပိုင်းက  သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဒဂုံမြို့နယ် အခြေခံပညာကျောင်းများတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတို့တွင် ယမန်နေ့နံနက်(၁၀:၀၀)နာရီက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် ကျောင်းကျန်းမာ‌ရေး အသိပညာပေးဟောပြောပွဲနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တိုက်ကြီးမြို့နယ်တွင် မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူးပေါင်း၍  မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဥက္ကံကံကုန်းကျေးရွာနှင့် ထိန်ပင်အင်းကျေးရွာတို့၌ ကျင်းပသည်။

လသာမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဗဟိုစံပြခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ ပြုလုပ်ခြင်းလုပ်ငန်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ်၌ COVID Vaccine Pfizer JN 1 ကိုဗစ်ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID Vaccine Pfizer JN 1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာက ဦးဆောင်၍  ကျန်းမာရေးဝန်ထမ်းများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်ရှင်နှင့် အလုပ်သမားများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တိုက်ကွမ်ဒိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၊ သုဝဏ္ဏတွင် ကျင်းပသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Center for Tourism Development – CTD)တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး