ရှမ်းပြည်နယ်

မက်မန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်နှင့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ရောက်ရှိသည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင်လ ၃ ရက်နေ့၊ နံနက် ၇ နာရီအချိန်က မက်မန်းမြို့ အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်းအဝင်လမ်း ဘယ်ဘက်အခြမ်းတွင် ကျင်းပပြုလုပ်သည်။

ကွန်ဟိန်းမြို့၌ MCCT အစီအစဉ် အသိပညာပေးသင်တန်းနှင့် အာဟာရ အသိပညာပေး သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ် အသိပညာပေးသင်တန်းနှင့် အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ် ပို့ချလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့ အောင်မင်္ဂလာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက် အောင်မင်္ဂလာဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ဇူလိုင်လ ၃ ရက်က အမှတ် (၅) ရပ်ကွက်ရှိ အဆိုပါဈေး၌ ဆောင်ရွက်ခဲ့သည်။

မူဆယ်မြို့ အ.လ.က(၁)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို မူဆယ်မြို့ အ.လ.က(၁)ကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလောမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား(မွမ်းမံ)သင်တန်းဆင်းပွဲ ကျင်းပ

ဟိုတယ်နှင့်ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ပံ့ပိုးကူညီမှုတို့ဖြင့် ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ရုရှားဘာသာ စကားနှင့်ဆက်ဆံကောင်းမွန်စေရေး အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုဆိုင်ရာ ရုရှားဘာသာစကား (မွမ်းမံ)သင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ Hill Top Villa Hotel ၌ ဇူလိုင်လ ၃ ရက်နေ့မွန်းလွှဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများဖြစ်သည့် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်‌ရောက်ခဲ့ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိဝန်ထမ်းများအား တွေ့ဆုံအားပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်အတွင်းရှိ ဝန်ထမ်းများအား ဇူလိုင်လ (၃)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ သွားရောက်  တွေ့ဆုံအားပေးသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ နှစ်(၃၀)ပြည့်  ပုလဲရတု မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပ

မြန်မာအမျိုးသမီးများ၏ ဘက်စုံစွမ်းဆောင်ရည်များ ပိုမိုမြင့်မားလားစေရန်နှင့် လူမှုအသိုင်းဝိုင်းတွင်ပါဝင်မှုကဏ္ဍ ပိုမိုမြင့်မားလာစေရန်ရည်ရွယ်၍ နှစ်(၃၀)ပြည့်ပုလဲရတု  မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ မြို့တော်ခမ်းမ၌ကျင်းပရာ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်နှင့်ဇနီး၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးများ ပြည်နယ်/ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။

နမ့်စန်ခရိုင် ကျိုင်းတောင်းမြို့တွင် တစ်သျှူးငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကျိုင်းတောင်းမြို့တွင် တစ်ရှူးငှက်ပျောပင် စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲက မြို့အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းရှိ တစ်သျှူးငှက်ပျောပင် တနိုင်တပိုင်စံပြစိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ဆင်းပွဲပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်ဥပဒေချုပ်ရုံးတို့၏ ညွှန်ကြားချက်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံး၏ကြီးကြပ်မှုဖြင့် မြို့နယ်ဥပဒေရုံးမှ ဖွင့်လှစ်သော ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) ကို ဘက်စုံသုံးခန်းမ၌ ဇူလိုင်လ ၂ ရက်နေ့မှ ၃ ရက်နေ့ မွန်းလွဲပိုင်းထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ်၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရာသီဥတုညီညွတ်မျှတပြီး သဘာဝဘေးအန္တရာယ်ကာကွယ်စေရန်ရည်ရွယ်၍ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုလွိုင်ကျေးရွာအုပ်စု၊ မိုက်ညုစံကျေးရွာ၌ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပသည်။                  
Subscribe to ရှမ်းပြည်နယ်