နမ့်စန်ခရိုင် ကျိုင်းတောင်းမြို့တွင် တစ်သျှူးငှက်ပျောပင်များ စုပေါင်းစိုက်ပျိုး

နမ့်စန်(တ) ဇူလိုင် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကျိုင်းတောင်းမြို့တွင် တစ်ရှူးငှက်ပျောပင် စုပေါင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲက မြို့အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်းရှိ တစ်သျှူးငှက်ပျောပင် တနိုင်တပိုင်စံပြစိုက်ခင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်နှင့် မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်တို့က စိုက်ပျိုးမည့် တစ်သျှူးငှက်ပျောပင်များ ပေးအပ်ခဲ့ရာ ကျိုင်းတောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်နှင့် ဝန်ထမ်းများက လက်ခံရယူခဲ့သည်။

ထို့နောက် နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်က တစ်သျှူးငှက်ပျောပင်ကို စတင်စိုက်ပျိုး၍ မိုးနဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ကျိုင်းတောင်းမြို့ အုပ်ချုပ်ရေးမှူး ဦးမျိုးသက်နိုင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက တစ်သျှူးငှက်ပျောပင် စုစုပေါင်း (၅၀)ပင် အားစုပေါင်းစိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)